အောင်ခြင်း (၈) ပါး


၁။ မာရ်နတ်သားကို ဒါနပါရမီ အစရှိသော အစွမ်းဖြင့် အပရာဇိတမလ္လင်ပေါ်မှ အောင်နိုင်၏။
၂။ အာဋ္ဌာဝကဘီလူးကို သည်းခံတော်မူခြင်းဖြင့် အာဋ္ဌဝီတိုင်း၌ အောင်နိုင်၏။
၃။ နာဋ္ဌာဂီရိဆင်ကို မေတ္တာဓာတ်ဖြင့် ရာဇဂြိုဟ်ပြည်၌ အောင်နိုင်၏။
၄။ အင်္ဂုလိမာလကို တန်ခိုးတောဖြင့်ဇာလီယမြိုင်တောတန်း၌ အောင်နိုင်၏။ 
၅။ စိဉ္စမာဏဝိကာကို ဖြူစင်အေးချမ်းသောစိတ်ဖြင့် ဇေတဝန်ကျောင်းတော်၌ အောင်နိုင်၏။
၆။ သစ္စကပရဗိုဇ်ကို ပညာဆီမီးတန်ဆောင်ဖြင့် ဝေသာလီပြည်၌ အောင်နိုင်၏။
၇။ နန္ဒောကနန္ဒနဂါးမင်းကို တန်ခိုးဖန်ဆင်းခြင်းဖြင့် မြင်းမိရ်တောင်၌ အောင်နိုင်၏။
၈။ ဗကဗြဟ္မာကို ဉာဏ်တော်တည်းဟူသောဆေးအစီရင်ဖြင့် ဒုတိယစျာန် အာဘဿရာဘုံ၌ အောင်နိုင်တော်မူ၏။