အသပ္ပါယ အပြား (၇) ပါး


၁။ အာဝါသအသပ္ပါယ - မိမိတို့နှင့် မလျောက်ပတ် မတင့်တယ် မသင့်မြတ်သော ကျောင်း အိပ်ရာနေရာ၊
၂။ ဂေါစရအသပ္ပါယ - မိမိတို့၏ စိတ်ကြိုက်နှင့် ဆန့်ကျင်ဘက်ဖြစ်၍ ဆင်းရဲငြိုငြင်စွာ သွားရသော ဆွမ်းခံရွာ၊
၃။ ဘဿအသပ္ပါယ - ဝိနည်းပါဠိတော် စသည်တို့မှလာသော သုဂတိဘုံ ဈာန်မဂ်ဖိုလ် နိဗ္ဗာန်တို့နှင့် ဝေးကွာဖီလာဖြစ်သော (၃၂) ပါးသော တိရစ္ဆာနကထာ၊
၄။ ပုဂ္ဂလအသပ္ပါယ - သီလ သမာဓိ ပညာ ဗဟုသုတစသော ဂုဏ်ထူးမရှိ အတိအန္ဓ လူ့ဗာလဖြစ်၍ မမှီဝဲ မပေါင်းသင်းအပ်သော ပုဂ္ဂိုလ်၊
၅။ ဘောဇန အသပ္ပါယ - မိမိတို့ စိတ်ကြိုက်ဖြစ်သော ဘောဇဉ်ခဲဖွယ် အာဟာရတို့ကို တစ်ခါတလေမျှ မသုံးဆောင် မမှီဝဲရသော အရပ်ဒေသ၊
၆။ ဥတုအသပ္ပါယ - မိမိတို့ ရူပကာယအား မသင့်လျော် မလျောက်ပတ်စေသော ဥတုရှိသော အရပ်ဒေသ၊
၇။ ဣရိယာပထအသပ္ပါယ - အိပ် ထိုင် ရပ် သွား ဣရိယာပုတ်လေးပါးတို့တွင် မိမိတို့နှင့် မလျောက်ပတ်သော ဣရိယာပုတ်။