အရှင်လတ်လတ် မြေမျိုသူ (၅) ယောက်

၁။ သုပ္ပဗုဒ္ဓမင်း - ဘုရားဆွမ်းခံကြွရာလမ်း၌ မဖယ်ပေး၍ ကပိလဝတ်ပြည်၌ မြေမျိုခြင်း။
၂။ သုပ္ပဗုဒ္ဓမင်း၏သား ဒေဝဒတ် - ဘုရားကို အမျိုးမျိုးပြစ်မှား၍ သာဝတ္ထိပြည် ရေကန်၏အနီး၌ မြေမျိုခြင်း။
၃။ စိဉ္စမာဏဝိကာ - ဘုရားကို ကိုယ်ဝန်ဖြင့် စွပ်စွဲ၍ ဇေတဝန်ကျောင်းတော်အနီး၌ မြေမျိုခြင်း။
၄။ နန္ဒသတို့သား - ဥပ္ပလဝဏ် ရဟန္တာမကို တောကျောင်း၌ မေထုန်မှုပြုကျင့်၍ မြေမျိုခြင်း။
၅။ နန္ဒကဘီလူး - ရှင်သာရိပုတ္တရာမထေရ်ကို ဂိဇ္စျကုဋ်တောင်၌ တရားထိုင်နေစဉ် ဦးခေါင်းကိုပုတ်၍ မြေမျိုခြင်း။