ကျောင်းထိုင်ဘုန်းကြီးများ မကျင့်သုံးအပ်သော အင်္ဂါ (၅) ပါး


၁။ ဉာဏ်ဖြင့် မစိစစ်မူ၍ မချီးမွမ်းထိုက်သူကို ချီးမွမ်းပြောဆိုခြင်း။
၂။ ဉာဏ်ဖြင့် မစိစစ်မူ၍ ချီးမွမ်းထိုက်သူကို ကျေးဇူးမဲ့ ကဲ့ရဲ့ခြင်း။
၃။ ကျောင်း၌ ဝန်တို၏၊ ကျောင်း၌ မက်မော၏။
၄။ ဒါယကာ၌ ဝန်တို၏၊ ဒါယကာ ၌ မက်မော၏။
၅။ သဒ္ဓါတရားဖြင့် လှူသော ဝတ္ထုကို ဖျက်ဆီး၏။ (ရောင်းစား၏)
(ပဉ္စကအင်္ဂုတ္တိုရ် ၄ - အာဝါသိကဝဂ်၊ ၇ - ဒုတိယအနာရဟသုတ်)