အသက်ရှိလျက် သေသူ (၇) ယောက်

၁။ ဒုက္ခိတော - သူများနည်းတူ ခြေလက်အင်္ဂါ ပြည့်စုံပါလျက် ငတ်မွတ်သူ။
၂။ ဗျာဓိတော- အနာရောဂါ မကွာနှိပ်စက် စိတ်ပျက်စရာကောင်းသူ။
၃။ မူဠှော - ကိုယ့်အကျိုး သူ့အကျိုး၌ ဆင်ခြင်ဉာဏ်မရှိသူ။
၄။ ဣဏဝါ - အခါမရွေး စိတ်ပူဆွေးရန် ကြွေးချေးငှားများသူ။
၅။ နိဿယသေဝကော - မင်းထံခစား မင်းကျွန်များနှင့် အစေအပါးခံငြား လခစား။
၆။ ဣတ္ထာကုတ္တက - ယောက်ျားဖြစ်လျက် မိန်းမလျာလိုနေသူ။
၇။ အလသ - အပျင်းများလျက် စဉ်းစားကာ အချိန်ဖြုန်းသူ။