ကလျာဏမိတ္တဖြစ်ကြောင်း ဂုဏ်အင်္ဂါ (၇) ပါး


၁။ ဂရုဂုဏ် - အထက်ပါ ကလျာဏမိတ္တအင်္ဂါ (၇) ပါးနှင့် ပြည့်စုံသူဖြစ်၍ အလေးအမြတ် ပြုအပ်သောဂုဏ်၊
၂။ ဘာဝနီယဂုဏ် - ထို့အတူဖြစ်၍ ချီးမွမ်းအပ်သောဂုဏ်၊
၃။ ဝတ္တာရဂုဏ် - သူတစ်ပါးတို့အား ဆိုဆုံးမချင်သောဂုဏ်၊
၄။ ဝစနက္ခမဂုဏ် - မသိရင် သူတစ်ပါးတို့ မေးလျှောက်သောစကားကို ခံနိုင်ဖြေစွမ်းနိုင်သောဂုဏ်၊
၅။ ဂမ္ဘီရကထံ ကထာဂုဏ် - ရုပ်နာမ်နှင့်စပ်၍ နက်နဲစွာ ဟောပြောတတ်သောဂုဏ်၊
၆။ အဌာနေ နောစ နိယောဇိတဂုဏ် - အကျိုးမဲ့ရာတို့၌ မပြောဆို မတိုက်တွန်း မယှဉ်စပ်သောဂုဏ်၊
၇။ ဘဇိတဗ္ဗဂုဏ် - သိက္ခာသုံးပါး သင်္ဂဟတရား လေးပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ မှီဝဲဆည်းကပ်ခံထိုက်သောဂုဏ်။