အမှီကိုဖျက်တတ်သည့် (၁၀) ပါး


၁။ ကိုယ်တွင်ဖြစ်တတ်သော အနာလည်းတစ်ပါး၊
၂။ အအူတွင်ဖြစ်တတ်သော ပိုးလည်းတစ်ပါး၊
၃။ အစေ့မှဖြစ်တတ်သော ပိုးလည်းတစ်ပါး၊
၄။ အနွယ်မှဖြစ်တတ်သော ပိုးလည်းတစ်ပါး၊
၅။ ပွတ်ခုံတွင်ဖြစ်တတ်သော မီးလည်းတစ်ပါး၊
၆။ သေစေတတ်သော အဆိပ်လည်းတစ်ပါး၊
၇။ အမိဝမ်းကို ဖောက်၍ရသော မြင်းလည်းတစ်ပါး၊ (အဿထိုရ်မြင်းကို ဆိုလိုသည်)
၈။ နေ၏ အန္တရာယ်ကို ပြုတတ်သော တိမ်လည်းတစ်ပါး၊
၉။ အရှင့်စီးပွားကို ဖျက်တတ်သော ကျွန်လည်းတစ်ပါး၊
၁၀။ သံတွင်ဖြစ်သော သံချေးလည်းတစ်ပါး။