အားတော် (၁၀) ပါး


၁။ ကာဠာဝကဆင် - လူဆယ်ယောက်ခန့် အင်အားကြီးသော ဆင်မျိုး၊
၂။ ဂင်္ဂေယျဆင် - ကာဠာဝကဆင် ဆယ်ကောင်မျှ အင်အားကြီးသောဆင်၊ လူတစ်ရာနှင့်မျှ၏။
၃။ ပဏ္ဍရဆင် - ဂင်္ဂေယျဆင် ဆယ်ကောင်မျှ (လူတစ်ထောင်) အင်အားကြီး၏။
၄။ ပိင်္ဂလဆင် - ပဏ္ဍရဆင် ဆယ်ကောင်နှင့်မျှသော (လူတစ်သောင်း) အင်အားရှိ၏။
၅။ ဂန္ဓဆင် - ပိင်္ဂလဆင် ဆယ်ကောင်နှင့်မျှသော (လူတစ်သိန်း) အင်အားရှိ၏။
၆။ မင်္ဂလဆင် - ဂန္ဓဆင် ဆယ်ကောင်နှင့်မျှသော (လူတစ်သန်း) အင်အားရှိ၏။
၇။ ဟေမဆင် - မင်္ဂလဆင် ဆယ်ကောင်နှင့်မျှသော (လူတစ်ကုဋေ) အင်အားရှိ၏။
၈။ ဥပေါသထဆင် - ဟေမဆင် ဆယ်ကောင်နှင့်မျှသော (လူဆယ်ကုဋေ) အင်အားရှိ၏။
၉။ တမ္ဗဆင် - ဥပေါသထဆင် ဆယ်ကောင်နှင့်မျှသော (လူကုဋေတစ်ရာ) အင်အားရှိ၏။
၁၀။ ဆဒ္ဒန်ဆင် - တမ္ဗဆင် ဆယ်ကောင်နှင့်မျှသော (လူကုဋေတစ်ထောင်) အင်အားရှိ၏။
မြတ်စွာဘုရား၏ အင်အားတော်ကား ဆဒ္ဒန်တစ်ရာနှင့် မျှသော (လူကုဋေတစ်သိန်း) မျှရှိ၏။