အမြုတေ (၉) ပါး

၁။ ရဇတ မုတ္တာအမြူတေ = ငွေအဆင်းကဲ့သို့ဖြူသော အရောင်ရှိ၏၊ စားကောင်းသောက်ဖွယ် ကျေးဇူးပြု၏။
၂။ သုဝဏ္ဏ မုတ္တာအမြုတေ = ရွှေနီ အဆင်းကဲ့သို့ နီသော အရောင်ရှိ၏၊ နှစ်သက်ဖွယ် အဆင်းသဏ္ဌာန် ကျေးဇူးပြု၏။
၃။ ဂံသုတ္တာ အမြုတေ = ကြေးနီ မရမ်းစေ့ အဆင်းကဲ့သို့ နီသောအရောင်ရှိ၏၊ ကြောက်လန့်ဖွယ်သော အသံကိုကျေးဇူးပြု၏။
၄။ လောဟိတမုတ္တာအမြုတေ = အောင်မည်းညို အပွင့်ကဲ့သို့ အဆင်းအရောင်ရှိ၏၊ အခြွေအရံကျေးဇူးပြု၏။
၅။ နီလမုတ္တာအမြုတေ = ညိုမောင်းသော အဆင်းအရောင်ရှိ၏၊ အဝတ်ပုဆိုးကို ကျေးဇူးပြု၏။
၆။ ပီတမုတ္တာ အမြုတေ = မြသားမြရည် အဆင်းကဲ့သို့ စိမ်းသောအရောင်ရှိ၏၊ ဥယျာဉ် သစ်သီးသစ်ပွင့် တို့ကိုကျေးဇူးပြု၏။
၇။ ကာဠမုတ္တာ အမြုတေ = မင်သွေးကဲ့သို့ မည်းနက်သောအရောင်ရှိ၏၊ ရှိန်းဆာယာကွယ်ကာစေတတ်ခြင်းဖြင့် ကျေးဇူးပြု၏။
၈။ ပဘဿရမုတ္တာ အမြုတေ = အနီ အဝါ အပြာ အစိမ်း အဖြူ အမောင်း ခြောက်သွယ်သော အရောင်ရှိ၏၊ အထူးထူးသော နာနာရုပ်တို့ကို ဖန်ဆင်းနိုင်ခြင်း ကွယ်ပျောက်စေခြင်း၊ နှစ်သက်ဖွယ် အသံသာယာခြင်း၊ ရန်သူကို အောင်ခြင်း၊ ဘီလူး သစ် ကျား မြွေအဆိပ်သင့်သော အောက်များကို ပယ်ရှားခြင်း ကျေးဇူးပြု၏။
၉။ ဝယောဇနမုတ္တာ အမြုတေ = နဝရတ်ကိုးပါးအဆင်းကဲ့သို့ ပြိုးပြိုးပြက် တစ်ခဲနက် ဝင်းဝင်းပြောင်ပြောင် ဆီမီးရောင် ထွန်းပခြင်းရှိ၏။ ကောင်းကင်ပျံခြင်း၊ မြေလျှိုးခြင်း၊ လူတို့နှစ်သက်ခြင်း၊ ရန်သူအပေါင်း ကြောက်ရွံ့ခြင်း၊ အထူးထူးသော နာနာရုပ်တို့ကို ဖန်ဆင်းနိုင်ခြင်း၊ သေနတ် သစ်ချွန် ဓား လှံ လက်နက် မစူးရှနိုင်ခြင်း၊ ခွန်အားကြီးခြင်း၊ ရွှေငွေရတနာတို့နှင့် တကွ အသုံးအဆောင်မျိုးဟူသမျှ အကျိုးပြုစေတတ်၏။