ကိလေသာ (၁၄) ပါး


၁။ လောဘ - တပ်မက်တောင့်တခြင်း၊
၂။ ဒေါသ - ခက်ထန်ကြမ်းကြုတ်ခြင်း၊
၃။ မောဟ - အမှန်ကို မသိဘဲ မိုက်မဲခြင်း၊
၄။ မာန - ထောင်လွှားတက်ကြွခြင်း၊
၅။ ဒိဋ္ဌိ - အမြင်မှား အယူမှားခြင်း၊
၆။ ဝိစိကိစ္ဆာ - သို့လောသို့လော တွေးတောယုံမှားခြင်း၊
၇။ ထိန - ပျင်းရိညှိုးနွမ်းခြင်း၊
၈။ ဥဒ္ဓစ္စ - စိတ်ပျံ့လွင့်ခြင်း၊
၉။ အဟီရိက - မကောင်းမှုကို မရှက်ခြင်း၊
၁၀။ အနောတ္တပ္ပ - မကောင်းမှုကို မကြောက်ရွံ့ခြင်း၊
၁၁။ ဣဿာ - သူတပါး ချမ်းသာသည်ကို မမြင်ချင် မကြားချင် ငြူစူတတ်ခြင်း၊
၁၂။ မစ္ဆရိယ - ဝန်တိုသဘောရှိခြင်း၊
၁၃။ ကုက္ကုစ္စ - မကောင်းမှုပြုမိလေခြင်းဟု နောင်တပူပန်ခြင်း၊
၁၄။ မိဒ္ဓ - လေးလံထိုင်းမှိုင်းခြင်း။

မှတ်ချက်။ ။ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ - ဤသုံးပါးတို့မှာ ဒေါသတရားတွင် အကျုံးဝင်ပြီးဖြစ်၍ သီးခြားမထုတ်ဆောင်ခဲ့၊ မိဒ္ဓမှာလည်း ထိနနှင့် ပူးတွဲ၍ သီးခြားခြင်း မပြုတော့ဘဲ ကိလေသာ (၁၀) ပါးဟုသာ ထုတ်ဖော် ပြဆိုတော်မူကြသည်။