အနုဿတိ (၁၀) ပါး


၁။ ဗုဒ္ဓါနုဿတိ - မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို အဖန်တလဲလဲအောက်မေ့ခြင်း။
၂။ ဓမ္မာနုဿတိ - တရားတော်၏ဂုဏ်တော်တို့ကို အဖန်တလဲလဲအောက်မေ့ခြင်း။
၃။ သံဃာနုဿတိ - သံဃာတော်မြတ်၏ဂုဏ်တော်ကို အဖန်တလဲလဲအောက်မေ့ခြင်း။
၄။ သီလာနုဿတိ - မိမိ၏ သီလဂုဏ်ကို အဖန်တလဲလဲအောက်မေ့ခြင်း။
၅။ စာဂါနုဿတိ - မိမိ၏ စွန့်ကြဲခြင်း ဒါနဂုဏ်ကို အဖန်တလဲလဲအောက်မေ့ခြင်း။
၆။ ဒေဝတာနုဿတိ - နတ်တို့ကို သက်သေထား၍ နတ်တို့၏သဒ္ဓါဂုဏ်နှင့်တူသော မိမိ၏ သဒ္ဓါဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
၇။ ဥပသမာနုဿတိ - နိဗ္ဗာန်၏ဂုဏ်ကို အဖန်တလဲလဲအောက်မေ့ခြင်း။
၈။ မရဏာနုဿတိ - သေခြင်းတရားကို အဖန်တလဲလဲအောက်မေ့ခြင်း။
၉။ ကာယဂတာသတိ - ဆံပင်အစရှိသော (၃၂) ပါးသော ကောဋ္ဌာသကိုရွတ်ဆိုနှလုံးသွင်းခြင်း။
၁၀။ အာနာပါနဿတိ - ထွက်သက် ဝင်သက်ကိုအာရုံပြု၍အောက်မေ့ခြင်း။