၁။ ဝတ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရှိ၊
၂။ ပရိက္ခရာရှစ်ပါးကို ဆောင်တော်မူလျှင် ကိုယ်တော်နှင့် မထိ၊ လက်လေးသစ်မျှ ကွာရခြင်း၊
၃။ တောထွက်တော်မူစက ပယ်ဖြတ်တော်မူသော ဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း၊
၄။ ဆွမ်းစားပြီးသောအခါ သပိတ်တော်ဆေးလျှင် လက်တော်စင်နှင့်လေသည်၊ လက်တော်ဆေးက သပိတ်တော် စင်နှင့်လေသည်၊
၅။ မုန်ညင်းစေ့ခန့်မျှသော ကြုတ်ထဲသို့ ဝင်တော်မူနိုင်ခြင်း၊
၆။ ရောင်ခြည်တော် ခြောက်ပါး လွှတ်တော်မူသော် ဆယ်မျက်နှာအရပ်ကို ထွင်းဖောက်၍ သွားခြင်း၊
၇။ ဝေနေယျသတ္တဝါသို့ လိုက်၍ ကိုယ်တော်မှတပါး ဘုရားပေါင်း အသင်္ချေ ဖန်ဆင်းတော်မူနိုင်ခြင်း၊
၈။ ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးတော်မူနိုင်ခြင်း၊
၉။ အထက်ကောင်းကင်တွင် လဝန်းပေါ်သကဲ့သို့ မြင့်တော်မူနိုင်ခြင်း၊
၁၀။ အသံတော်ရှစ်ပါးနှင့် တရားဟောတော်မူရာ အလုံးစုံသော ပရိသတ်တို့ ကပ်၍ ဟောဘိသကဲ့သို့ ကြားရခြင်း၊
၁၁။ လူနတ်တို့၏ စိတ်ကို အာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းနိုင်ခြင်း၊
၁၂။ ကျွတ်အံ့သော သတ္တဝါတို့ကို မဟာကရုဏာသမာပတ္တိဉာဏ်ဖြင့် သိစွမ်းနိုင်ခြင်း၊
၁၃။ လူ နတ် ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော ဣန္ဒြေနုရင့်ကို သိတော်မူခြင်း၊
၁၄ - ၁၈။ အထက်ပါ (၁၃) ပါးနှင့် ဉေယျဓံတရား (၅) ပါးကို သိနိုင်ခြင်း၊
တနည်း
၁ - ၁၃။ အထက်ပါအတိုင်း၊
၁၄။ ဉေယျဓံ ငါးပါးကို သိနိုင်ခြင်း၊
၁၅။ အလိုရှိ၍ လက်တော်ကို ဆန့်လိုက်လျှင် သပိတ်တော် အလိုအလျောက် ရောက်လာခြင်း၊
၁၆။ ရေအစုံမီးအစုံနှင့် တန်ခိုးပြာဋိဟာ ပြတော်မူနိုင်ခြင်း၊
၁၇။ တာဝတိံသာသို့ အဘိဓမ္မာတရား ဟောရန် ပကတိသုံးဖဝါး ၂ လှမ်းတည်းနှင့် ကြွရောက်တော်မူနိုင်ခြင်း၊
၁၈။ ဒေသစာရီ ကြွချီတော်မူလျှင် ခြေရာမထင်သည့်အပြင် မြေအညီအညွတ် ဖြစ်ရခြင်း၊
ဤကား အာစရိယဝါဒတည်း။