ဧတဒဂ်ရသော ရဟန္တာ ( ၄၁ ) ပါး

၁။ ညဉ့်တို့ကိုသိ၍ ဝါရင့်သော တပည့်ရဟန်းတို့တွင် အကြင် အညာသိ ကောဏ္ဍညသည် ဧတဒဂ် ရ၏။
၂။ ကြီးမြတ်သော ပညာနှင့်ပြည့်စုံသော တပည့်ရဟန်းတို့တွင် အကြင် သာရိပုတ္တရာသည် ဧတဒဂ် ရ၏။
၃။ တန်ခိုးနှင့်ပြည့်စုံသော တပည့်ရဟန်းတို့တွင် အကြင် မောဂ္ဂလာန်သည် ဧတဒဂ် ရ၏။
၄။ ဓုတင်ကျင့်ကုန်သော တပည့်ရဟန်းတို့တွင် အကြင် မဟာကဿပသည် ဧတဒဂ် ရ၏။
၅။ ဒိဗ္ဗစက္ခုအဘိညာဏ် ရသော တပည့်ရဟန်းတို့တွင် အကြင် အနုရုဒ္ဓါသည် ဧတဒဂ် ရ၏။
၆။ မြတ်သောအမျိုး၌ ဖြစ်ကုန်သော တပည့်ရဟန်းတို့တွင် ကာဠီဂေါဓာ အမည်ရှိသော သာဂီဝင်မင်းသမီး၏သား အကြင်ဘဒ္ဒိယသည် ဧတဒဂ် ရ၏။
၇။ သာယာသောအသံ ရှိသော တပည့်ရဟန်းတို့တွင် အကြင် လကုဏ္ဍကဘဒ္ဒိယသည် ဧတဒဂ် ရ၏။
၈။ ခြင်္သေ့ကဲ့သို့ ရဲရင့်စွာ ကြုံးဝါးမြွတ်ဆိုနိုင်သော တပည့်ရဟန်းတို့တွင် အကြင် ပိဏ္ဍောလဘာရဒွါဇသည် ဧတဒဂ် ရ၏။
၉။ တရားဟောတတ်သော တပည့်ရဟန်တို့တွင် မန္တာဏီပုဏ္ဏေးမ၏သား အကြင် ပုဏ္ဏသည် ဧတဒဂ် ရ၏။
၁၀။ အကျဉ်းအားဖြင့် ဟောအပ်သောတရားကို အကျယ်အားဖြင့် ဝေဖန်ဟောတတ်သော တပည့်ရဟန်းတို့တွင် အကြင် မဟာကစ္စာနသည် ဧတဒဂ် ရ၏။
၁၁။ (က) စိတ်ဖြင့်ပြီးသော ကိုယ်ကို ဖန်ဆင်းတတ်သော တပည့်ရဟန်းတို့တွင် အကြင် စူဠပန္ထကသည် ဧတဒဂ် ရ၏။
၁၁။ (ခ) စျာန်အရာ၌ ကျွမ်းကျင်လိမ်မာသော တပည့်ရဟန်းတို့တွင် အကြင် စူဠပန္ထကသည် ဧတဒဂ်ရ၏။
၁၂။ အရူပါဝစရစျာန်အရာ၌ ကျွမ်းကျင်လိမ်မာသော တပည့်ရဟန်းတို့တွင် အကြင် မဟာပန္ထကသည် ဧတဒဂ် ရ၏။
၁၃။ (က) ကိလေသာ ကင်းဝေးသော နေခြင်းရှိသော တပည့်ရဟန်းတို့တွင် အကြင် သုဘူတိသည် ဧတဒဂ် ရ၏။ 
၁၃။ (ခ) မြတ်သောအလှူကို ခံထိုက်သော တပည့်ရဟန်းတို့တွင် အကြင် သုဘူတိသည် ဧတဒဂ် ရ၏။
၁၄။ တောကျောင်း၌ နေသော တပည့် ရဟန်းတို့တွင် အကြင် ခဒိရဝနိယရေဝတသည် ဧတဒဂ် ရ၏။
၁၅။ စျာန်၌မွေ့လျော်သော တပည့်ရဟန်းတို့တွင် အကြင် ကင်္ခါရေဝတသည် ဧတဒဂ် ရ၏။
၁၆။ ထက်သန်သော လုံ့လရှိသော တပည့်ရဟန်းတို့တွင် ကောဠိဝိသအနွယ်၌ ဖြစ်သော အကြင် သောဏသည် ဧတဒဂ် ရ၏။ 
၁၇။ ချိုသာသော စကားကို ပြောတတ်သော တပည့်ရဟန်းတို့တွင် ကုဋိကဏ္ဏ ခေါ်သော အကြင် သောဏသည် ဧတဒဂ် ရ၏။
၁၈။ လာဘ်များခြင်းရှိကုန်သော တပည့်ရဟန်းတို့တွင် အကြင်သီဝလိသည် ဧတဒဂ် ရ၏။
၁၉။ သဒ္ဓါတရား အားကြီးသော တပည့်ရဟန်းတို့တွင် အကြင် ဝက္ကလိသည် ဧတဒဂ် ရ၏။
၂၀။ အကျင့်သိက္ခာကို လိုလားသော တပည့်ရဟန်းတို့တွင် အကြင်ရာဟုလာသည် ဧတဒဂ် ရ၏။
၂၁။ သဒ္ဓါတရားဖြင့် ရဟန်းပြုသော တပည့်ရဟန်းတို့တွင် အကြင် ရဠပါလသည် ဧတဒဂ် ရ၏။
၂၂။ စာရေးတံမဲကို ပထမ ရတတ်သော တပည့် ရဟန်းတို့တွင် အကြင် ကုဏ္ဍဓာနသည် ဧတဒဂ် ရ၏။
၂၃။ ဆန်းကြယ်သော ဉာဏ် (ပဋိဘာန်) ရှိသောတပည့်ရဟန်တို့တွင် အကြင်ဝင်္ဂီသသည် ဧတဒဂ် ရ၏။
၂၄။ ထက်ဝန်းကျင် ကြည်ညိုဖွယ်ရှိသောတပည့်ရဟန်းတို့တွင် ဝင်္ဂန္တပုဏ္ဏား၏သား အကြင်ဥပသေနသည် ဧတဒဂ် ရ၏။
၂၅။ ကျောင်းအိပ်ရာနေရာ ခင်းကျင်းစီမံတက်သော တပည့်ရဟန်းတို့တွင် မလ္လာမင်း၏သား အကြင်ဒဗ္ဗသည်ဧတဒဂ် ရ၏။
၂၆။ နတ်တို့ချစ်ခင်မြတ်နိုးအပ်ကုန်သော တပည့်ရဟန်းတို့တွင် အကြင်ပိလိန္ဒဝစ္ဆသည် ဧတဒဂ်ရ၏။
၂၇။ လျင်မြန်ရသော မဂ်ဖိုလ် အသိဉာဏ်ရှိသော တပည့်ရဟန်းတို့တွင် ဗာဟိယတိုင်းသား အကြင် ဒါရုစီရိယသည် ဧတဒဂ်ရ၏။
၂၈။ ဆန်းကြယ်စွာ တရားဟောတတ်သော တပည့်ရဟန်းတို့တွင် အကြင် ကုမာရကဿပသည် ဧတဒဂ်ရ၏။
၂၉။ ပဋိသမ္ဘိဒါ လေးပါးသို့ ရောက်ရသော တပည့် ရဟန်းတို့တွင် အကြင် မဟာကောဠိကသည် ဧတဒဂ် ရ၏။
၃၀။ (က) အကြားအမြင် များခြင်းရှိသော တပည့်ရဟန်းတို့တွင် အကြင်အာနန္ဒာသည် ဧတဒဂ် ရ၏။
၃၀။ (ခ) ငါ၏ စကားတော်ကို ကြာမြင့်စွာ ဆောင်စွမ်းနိုင်သည့် သတိရှိသော တပည့်ရဟန်းတို့တွင် အကြင်အာနန္ဒာသည် ဧတဒဂ် ရ၏။
၃၀။ (ဂ) ငါဟောအပ်သည့်အတိုင်း အလုံးစုံပုဒ်တို့ကို သိစွမ်းနိုင်သည့် ပညာရှိ တပည့်ရဟန်းတို့တွင်အကြင်အာနန္ဒာသည် ဧတဒဂ် ရ၏။
၃၀။ (ဃ) ငါ၏စကားတော်တို့ကို သင်ခြင်း၊ ဆောင်ခြင်း၊ သရဇ္စျာယ်ခြင်း၊ ငါ့ကိုဆည်းကပ်ခြင်းတို့ ၌ လုံ့လရှိသော တပည့်ရဟန်းတို့တွင်အကြင်အာနန္ဒာသည် ဧတဒဂ် ရ၏။
၃၀။ (င) ငါ့အား လုပ်ကျွေးသော ငါ၏ တပည့်ရဟန်းတို့တွင်အကြင်အာနန္ဒာသည် ဧတဒဂ် ရ၏။ 
၃၁။ များစွာသော ပရိတ်သတ်ရှိသော တပည့်ရဟန်းတို့တွင်အကြင် ဥရုဝေလကဿပသည် ဧတဒဂ်ရ၏။
၃၂။ ဆွေတော်မျိုးတော်တို့ကို ကြည်ညိုစေတတ်သော တပည့်ရဟန်းတို့တွင်အကြင် ကာဠုဒါယီသည် ဧတဒဂ် ရ၏။
၃၃။ အနာရောဂါကင်းကုန်သော တပည့်ရဟန်းတို့တွင် အကြင် ဗာကုလသည် ဧတဒဂ်ရ၏။
၃၄။ ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော တပည့်ရဟန်းတို့တွင် အကြင် သောဘိတသည် ဧတဒဂ် ရ၏။
၃၅။ ဝိနည်းကို ဆောင်ကုန်သော တပည့်ရဟန်းတို့တွင် အကြင်ဥပါလိသည် ဧတဒဂ် ရ၏။
၃၆။ ဘိက္ခုနီမတို့ကို ဆုံးမကုန်သော တပည့်ရဟန်းတို့တွင်အကြင် နန္ဒကသည် ဧတဒဂ် ရ၏။
၃၇။ က္ကန္ဒြေကို စောင့်စည်းကုန်သော တပည့်ရဟန်းတို့တွင် အကြင် နန္ဒကသည် ဧတဒဂ် ရ၏။
၃၈။ ရဟန်းယောက်ျား တို့ကို ဆုံးမတတ်သော တပည့် ရဟန်းတို့တွင် အကြင် မဟာကပ္ပိန သည် ဧတဒဂ် ရ၏။
၃၉။ တေဇောဓာတ် ဝင်စားရာ၌ ကျွမ်းကျင်သော တပည့်ရဟန်းတို့တွင်အကြင် သာဂတသည် ဧတဒဂ် ရ၏။
၄၀။ တရားကို ထင်မြင်လွယ်သော ဉာဏ်ပဋိဘာန်နှင့် ပြည့်စုံသော တပည့်ရဟန်းတို့တွင် အကြင် ရာဓသည် ဧတဒဂ် ရ၏။
၄၁။ ခေါင်းပါးသော သင်္ကန်းကို ဆောင်ကုန်သော တပည့်ရဟန်းတို့တွင် အကြင် မောဃရာဇသည် ဧတဒဂ် ရ၏။