အမြတ် (၄) ပါး


၁။ အခါတို့တွင် သရဒကာလဟူသော တန်ဆောင်မုန်းလသည် မြတ်၏။
၂။ မိန်းမတို့တွင် အဆင်းလှသောမိန်းမသည် မြတ်၏။
၃။ သားတို့တွင် သားအကြီးသည် မြတ်၏။
၄။ အရပ်တို့တွင် မြောက်အရပ်မျက်နှာသည် မြတ်၏။

တစ်နည်း

၁။ တစ်ဆယ့်နှစ်လတွင် ကဆုန်လသည် မြတ်၏။
၂။ မိန်းမတို့တွင် နှလုံးကောင်းဖြင့် လင်ကို လုပ်ကျွေးသော မိန်းမမြတ်၏။
၃။ သားတို့တွင် မိဘကို လုပ်ကျွေးသောသားသည် မြတ်၏။
၄။ အရပ်တို့တွင် ချမ်းသာစွာ အသက်မွေးရသော အရပ်သည် မြတ်၏။