ဣဒ္ဓိမျိုး (၁၀) ပါး


၁။ အဓိဋ္ဌာနိဒ္ဓိ - မိမိ၏ မူလရုပ်သွင်တူဖန်ဆင်းခြင်း၊
၂။ ဝိကုဗ္ဗနိဒ္ဓိ - မိမိအသွင်စွန့်၍ နဂါး ဂဠုန်ရုပ် စသည် ဖန်ဆင်းခြင်း၊
၃။ မနောမယိဒ္ဓိ - မိမိကိုယ် အဆင်းသဏ္ဍာန်ကို စိတ်အလိုအတိုင်း ပြီးစေခြင်း၊
၄။ ဉာဏဝိပ္ဖာရိဒ္ဓိ - အနာဂါမ် ရဟန္တာတို့၏ အရဟတ္တမဂ်ဉာဏ်ကို မရမီ ရှေ့အဖို့ ရပြီးနောက်အဖို့တို့၌ သူတစ်ပါး၏ လုံ့လပယောဂဖြင့် မသေနိုင်ခြင်းမျိုး၊
၅။ သမာဓိဝိပ္ဖာရိဒ္ဓိ - အနာဂါမ် ရဟန္တာတို့၏ နိရောဓသမာပတ် ဝင်စားခိုက် သူတစ်ပါး လုံ့လပယောဂဖြင့် မသေနိုင်ခြင်းမျိုး၊
၆။ အရိယိဒ္ဓိ - အရိယာတို့၏ အနိဋ္ဌစသည့် အာရုံကို ဣဋ္ဌာရုံပြု၍ ရှုနိုင်ခြင်းမျိုး၊
၇။ ကမ္မဇိဒ္ဓိ - ငှက်စသည်တို့၏ ကောင်းကင်၌ ပျံနိုင်ခြင်းမျိုး၊
၈။ ပုညဝတောဣဒ္ဓိ - စကြာမင်းစသည်တို့၏ မိုးကောင်းကင်၌ စစ်အင်္ဂါလေးပါးနှင့် သွားနိုင်ခြင်းမျိုး၊
၉။ ဝိဇ္ဇာမယိဒ္ဓိ - ဝိဇ္ဇာဓိုရ်စသည်တို့၏ မြေလျှိုးမိုးပျံ တန်ခိုးဟူသမျှ၊
၁၀။ အတ္တအတ္တသမ္မာ ပယောဂပစ္စယိဒ္ဓိ - ကတအတတ် (၆၄) ရပ်နှင့် အဋ္ဌာရသ ဝိဇ္ဇာ အတတ်မျိုးဟူသမျှ