စစ်ရာထူး အနိမ့် အမြင့် (၈) ပါး


၁။ အိုးစား = တပ်သားငါးယောက်ကို အုပ်ချုပ်သူ။
၂။ အကြပ် = အိုးစားနှစ်ဖွဲ့ကို အုပ်ချုပ်သူ၊ ဆယ်ယောက်အုပ်။
၃။ သွေးသောက် = အကြပ် ငါးယောက်အပေါ်မှာ ဦးစီးသူ၊ ၅၀ အုပ်။
၄။ တပ်မှူး = တပ်မှူးသွေးသောက်နှစ်ယောက်ပေါ်မှာ ဦးစီးသူ၊ ၁၀၀ အုပ်။
၅။ ဗိုလ် = တပ်မှူးငါးယောက် အပေါ်မှာ ဦးစီးသူ၊ ၅၀၀ အုပ်။
၆။ တပ်ပေါင်းဗိုလ် = တစ်ယောက်ထက်ပိုသော ဗိုလ်တို့အပေါ်မှာ ဦးစီးသူ။
၇။ ဗိုလ်ချုပ် = တစ်ယောက်ထက်ပိုသော တပ်ပေါင်းဗိုတို့ အပေါ်မှာ ဦးစီးပြုသူ။
၈။ ဗိုလ်မှူး = စစ်ဘုရင်တစ်ယောက်ထက်ပိုသော ဗိုလ်ချုပ်တို့အပေါ်မှာ ဦးစီးပြုသည်။ စစ်ချီသောအခါ ရှင်ဘုရင်ပါလျှင် ရှင်ဘုရင်သည် တပ်မ၌စစ်ဘုရင်ဖြစ်သည်။ ရှင်ဘုရင်မပါလျှင် တစ်ခါတစ်ရံ မင်းသားကြီး၊ ဘုရင်ခံတို့ကို စစ်ဘုရင်ခန့်၍ တပ်မကိုအုပ်ချုပ်ကွပ်ကဲစေသည်။ တစ်ခါတစ်ရံ ဝန်ကြီးများကို ဗိုလ်မှူးခန့်၍ တပ်မကိုအုပ်ချုပ်ကွပ်ကဲစေသည်။ ဗိုလ်မှာစစ်ချီသောအခါ မြင်းစီး၍လိုက်ရသည်။ ထီးရွက် ရွှေပိန်းချ၊ တပ်ဗိုလ်မှာ မြင်းနှင့် ထီးနီ၊ ထီးအထွတ်နှင့် ထီးနားရွက်ရွှေချ၊ သွေးသောက်မှာ မြင်းနှင့်ထီးနီ၊ အထွတ်နီ နားရွက်နီ။