ဥစ္စာသယန မဟာသယနမျိုး အပြား (၂၀) ပါး


၁။ အာသန္ဒီ - လူတန်းစေ့သူတို့၏ တစ်တောင့်ထွာထက် လွန်သော အခြေရှိသည့် ညောင်စောင်း၊ အင်းပျဉ်၊ ခုတင် အထူးများ၊
၂။ ပလ္လင်္က - အခြေ၌ ခြင်္သေ့သားရဲရုပ်တပ်သော ပလ္လင်နေရာ၊
၃။ ဂေါနက - လက်လေးသစ်ထက် ကျော်လွန်သော မွေးရှည်ကော်ဇောကြီး၊
၄။ စိတ္တက - အရုပ်၊ ပန်းကွက်တို့ဖြင့် ဆန်းကြယ်စွာ ရက်လုပ်ထားသော သားမွေးခင်း၊
၅။ ပဋိက - သားမွေးဖြင့် ပြုလုပ်အပ်သော ခင်းနှီးဖြူ၊
၆။ ပဋလိက - ပန်းပြောက်ခြယ်သော သားမွေးအခင်း၊
၇။ တူလိက - လဲမျိုးသုံးပါးဖြင့် သွတ်သွင်းထားသော မွေ့ရာခင်း၊
၈။ ဝိကတိက - ခြင်္သေ့ ကျား သစ် စသော အရုပ်တို့ဖြင့် ဆန်းကြယ်သော သိုးမွေးခင်းနှီး၊
၉။ ဥဒ္ဒလောမိ - နှစ်ဖက်အမွေးရှိသော သားမွေးခင်းနှီး၊
၁၀။ ဧကန္တလောမိ - တစ်ဖက်သာ အမွေးရှိသော သားမွေးခင်းနှီး၊
၁၁။ ကဋ္ဋိဿ - ရတနာရွှေငွေတို့ဖြင့် ချုပ်ကပ်လိမ်းကျံထားသော ပိုးချည်ရက်အခင်း၊
၁၂။ ကောသေယျ - ရတနာရွှေချည် ငွေချည်တို့အကြား၌ ပိုးချည်ဖြင့် ရက်လုပ်ထားသော ခင်းနှီး၊
၁၃။ ကုတ္တက - ကချေသည်မ (၁၆) ယောက်တို့ က လောက်သော သားမွေး ကော်ဇောကြီးမျိုး၊
၁၄။ ဟတ္ထတ္ထရဏ - ကောင်းမြတ်သော ဆင်ကုန်းနှီး၊
၁၅။ အဿတ္ထရဏ - ကောင်းမြတ်သော မြင်းကုန်းနှီး၊
၁၆။ ရထတ္ထရဏ - ရထား၌ ခင်းသော နူးညံ့အိစက်သည့် ခင်းနှီး၊
၁၇။ အဇိနပ္ပဝေဏီ - ညောင်စောင်းပမာဏ ချုပ်လုပ်ထားသည့် သစ်နက်ရေအခင်းကြီး၊
၁၈။ ကဒလိမိဂပဝရ ပစ္စတ္ထရဏ - ဝံပိုင့်ရေဖြင့် ပြုလုပ်ထားသည့် မြတ်သောခင်းနှီး၊
၁၉။ သဥတ္တရစ္ဆဒ - နီသောဗိတာန် မျက်နှာကြက်အောက်ရှိ သားမွေးခင်းနှီး၊
၂၀။ ဥဘတောလောဟိတ ကူပဓာန - ခြေအုံခေါင်းအုံး နှစ်ဖက်တပ်ထားသည့် အခင်းတစ်မျိုး။