ခက်ကြီး (၄) ပါး


၁။ စစ်ရေး မက်ရေး၊ ရန်သူဘေးကြောင့် ၊ အပြေးအလွဲ၊ ဆွေမျိုးကွဲသား၊ ပြည်ထဲရေးရာ၊ ခက်သည်သာတည်း။
၂။ အစားအစာ၊ ထွားထွားဖြည့်ကြေ၊ ရှားပါးလေ၍၊ သေကြေပျောက်စဲ၊ ငတ်မွတ်ကဲလျှင်၊ ပြည်ထဲရေးနှင့် ဝမ်းရေးတို့ထက်၊ လွမ်းရေ:ခက်၏။
၃။ ထို့ထက်မှာမူ၊ ချစ်ခင်သူနှင့်၊ အတူတကွ၊ မပေါင်းရဘဲ၊ လွမ်းတပူဆွေး၊ သူနှင့် ဝေးသော်၊ ပြည်ထဲရေးနှင့်၊ ဝမ်းရေ:တို့ထက်၊ လွမ်းရေးခက်၏။
၄။ အထက်ဖော်ပြ၊ ခက်သုံးဝထက်၊ ခက်လှတစ်ပါး၊ ထိုအစားကား၊ မပါးထူထုံ၊ အလွန်နုံတ၊ ပမာဏကို၊ ဘာမျှမသိ၊ ထိုသူထည့်၍ ၊ မရှိတာထက်၊ မသိခက်သည် ၊ ခက်ဘိတရား၊ မျိုးလေးပါးတည်း။