ကျောင်းထိုင်ဘုန်းကြီး၏ ပြည့်စုံရမည့် အင်္ဂါ (၅) ပါး

၁။ ရဟန်းသိက္ခာ (၁၀) ဝါ ပြည့် မြောက်ရမည်။

၂။ ဘိက္ခုဝိဘင်း၊ ဘိက္ခုနီဝိဘင်း နှစ်ကျမ်းကို တတ်သိရမည်။
၃။ မဟာဝါခန္ဓက၊ စူဠဝါခန္ဓက နှစ်ကျမ်းကို တတ်သိရမည်။
၄။ ကံကြီးကံငယ်ပြုထုံး နားလည်ရမည်။
၅။ ရုပ်နှင့် နာမ်ကို ပိုင်နိုင်စွာ ခွဲခြားဟောကြားနိုင်ရမည်။
(ဝိနည်းတော်လာ)

လင်္ကာ။ ။ ဆယ်ဝါပြည့်တင်း၊ ဝိဘင်းနှစ်ဖြာ၊ ကမ္မာကမ္မ၊ ခန္ဓကပုဒ်၊ ရုပ်နာမ်ပိုင်ပိုင်၊ ခွဲခြားနိုင်၊ ကျောင်းထိုင်အင်္ဂါ ငါးပါးတည်း။