အသင်္ချေယျကပ်ကြီး (၄) ပါး


၁။ ဝိဝဋ္ဍအသင်္ချေယျကပ် - ကမ္ဘာပြုမိုးရွာသည်မှစ၍ နေလနက္ခတ် ပေါ်သည့်တိုင်အောင်သော ကာလ။
၂။ ဝိဝဋ္ဍ ဋ္ဌာယီအသင်္ချေယျကပ် - နေလ နက္ခတ် ပေါ်သည်မှစ၍ ကမ္ဘာပျက်မိုး ရွာသည့်တိုင်အောင် သောကာလ။
၃။ သံဝဋ္ဍအသင်္ချေယျကပ် - ကမ္ဘာပျက်မိုး ရွာသည်မှစ၍ မီးလျှံစဲသည့်တိုင်အောင်သော ကာလ။
၄။ သံဝဋ္ဍ ဋ္ဌာယီအသင်္ချေယျကပ် - မီးလျှံစဲသည်မှစ၍ ကမ္ဘာပြုမိုးရွာသည့်တိုင်အောင်သော ကာလ။