စက္ကဝတ္တိကျင့်ဝတ် (၁၀) ပါး


၁။ ( က ) ဒါန = အလှူပေးခြင်း၊ ( ခ ) ဒမ = စက္ခုစသောဣန္ဒြေကို ဆုံးမခြင်း၊ ( ဂ ) သံယမ = ကိုယ်နှုတ်ကို စောင့်စည်းခြင်း။
၂။ ခတ္တိယေသု = အဘိသိက်ခံလေပြီးသော မင်းတို့အား မြည်း၊ မြင်း၊ အဿဇာနည် စသော ရတနာတို့ကို ပေးခြင်းဖြင့် ချီးမြှောက်ခြင်း။
၃။ အနုယုတ္တေသု = မိမိထံ၌ နေကုန်သောမင်းမှူးမတ်တို့အား ထိုက်သည့်အားလျှော်စွာ ယာဉ်သံလျင်းပေးခြင်းဖြင့် နှစ်သက်စေခြင်း။
၄။ ဗြာဟ္မဏဂဟပတိကေသု = ပုဏ္ဏားတို့အား ထမင်းအဖျော် ပုဆိုးစသော လှူဖွယ်ဝတ္ထုတို့ကို သူကြွယ်တို့အား ထမင်း၊ မျိုးစေ့၊ ထွန်တုံး၊ ထွန်သွား၊ နွားလား စသည်တို့ကို ပေးခြင်း။
၅။ နေဂမဇာနပဒေသု = နိဂုံးဇနပုဒ်တို့အား ထမင်း၊ မျိုးစေ့၊ ထွန်တုံး၊ ထွန်သွား၊ ကျွဲနွား တို့ကိုပေးခြင်း။
၆။ သမဏဗြာဟ္မဏေသု = ရဟန်းပုဏ္ဏားတို့အား ပရိက္ခရာဖြင့် လှူဒါန်းပူဇော်၍ အရိုအသေပြုခြင်း။
၇။ မိဂပက္ခိသု = သားတိုအား လည်းကောင်း၊ ငှက်တို့အားလည်းကောင်း ဘေးမဲ့ပေးသဖြင့် သက်သာရာကိုရစေခြင်း။
၈။ အဓမ္မကာရပ္ပဋိက္ခေပ = မတရားသော အမူအရာတို့ကိုမပြုစေခြင်း။
၉။ အဓနာနံ ဓနာနုပ္ပါဒနံ = ဥစ္စာမရှိသူတို့အား ဥစ္စာကိုဖြစ်စေခြင်း။
၁၀။ သမဏဗြာဟ္မဏေ = ရဟန်းပုဏ္ဏား တို့သို့၊ ဥပသင်္ကမိတွာ ပဉှာပုစ္ဆနံ၊ ကပ်၍ - ကုသိုလ်၊ အကုသိုလ်၊ သာဝဇ္ဇ၊ အနဝဇ္ဇ၊ သေဝိတဗ္ဗ၊ အသေဝိတဗ္ဗ တရားတို့ကို မေး၍အကုသိုလ်ကို ပယ်ခြင်းကုသိုလ်ကို ဆောက်တည်ခြင်း။