ဣဿရိယဘုန်းတော် (၈) ပါး



၁။ အဏိမာ - ကိုယ်တော်ကိုသေးငယ်အောင်ဖန်ဆင်းနိုင်သောဘုန်းတော်။
၂။ မဟိမာ - ကိုယ်တော်ကို အလိုရှိတိုင်း ကြီးအောင် ဖန်ဆင်းနိုင်သော ဘုန်းတော်။
၃။ ပတ္တိမာ - အလိုရှိရာအရပ်သို့ ခဏခြင်းကြွနိုင်သော ဘုန်းတော်။
၄။ လင်္ဃိမာ - ကိုယ်တော်ကို လျှင်မြန်ပေါ့ပါးစွာ ပြုစွမ်းနိုင်သောဘုန်းတော်။
၅။ ပါကမ္မ - အဆင်းအရောင်အမျိုးမျိုးကိုဖန်ဆင်းနိုင်သောဘုန်းတော်။
၆။ ဤသိတာ - လောကကြီးတခုလုံးကို အစိုးရတော်မူသောဘုန်းတော်။
၇။ ဝသိတာ - စျာန်အဘိညာဉ် ဝင်စားရာ၌ လျင်စွာဝင်စားနိုင်သောဘုန်းတော်။
၈။ ယတ္ထကာမဝသာယိတာ - တန်ခိုးဖန်ဆင်းရာ၌ အဓိဋ္ဌာန်သောအတိုင်း ကာလဌာနကို မလွန်ကျူးစေပဲ ပြီးဆုံးတော်မူသောဘုန်းတော်။