အာဋ္ဌာဝကဘီလူး၏ ပုစ္ဆာ (၄) ရပ်

၁။ လောကသုံးပါး၌ ယောက်ျား၊ မိန်းမ ဟူသမျှတို့၏ မြတ်လှဥစ္စာ ရတနာကား အဘယ်နည်း။
အဖြေ = ရတနာသုံးပါးကို ယုံကြည် ကြည်ညိုခြင်း။

၂။ လေ့ကျက်ခြင်းတကာတွင် အဘယ်မည်သော အလေ့အကျက်သည် ချမ်းသာကိုဆောင်သနည်း။
အဖြေ = ကုသိုလ် ကမ္မပထတရား ဆယ်ပါးတည်းဟူသော အလေ့အကျက်။

၃။ အရသာတို့တွင် အလွန်ကောင်းသော အရသာကား အဘယ်နည်း။
အဖြေ = မှန်ကန်ဖြောင့်မတ်သော စကားတည်းဟူသော အရသာ။

၄။ အသက်မွေးခြင်းတို့တွင် အဘယ်အသက်မွေးခြင်းကို မြတ်သည်ဟု ဆိုအံ့နည်း။
အဖြေ = ပညာဖြင့် အသက်မွေးခြင်း။