ဂရုဓမ်တရား (၈) ပါး


၁။ ဘိက္ခုနီမသည် ရဟန်းဝါ တရာပင် ရစေကာမူ ထိုနေ့ ပဉ္စင်းဖြစ်သော ရဟန်းယောက်ျားကို ရှိခိုးရမည် အရိုသေပြုရမည်။
၂။ ဘိက္ခုနီမသည် ရဟန်းယောက်ျားမရှိသော ကျောင်း၌ ဝါမဆိုရ။
၃။ ဘိက္ခုနီမသည် လခွဲတိုင်းဘိက္ခုသံဃာထံ၌ ဥပုသ်မေးခြင်း၊ အဆုံးအမခံခြင်းပြုရမည်။
၄။ ဘိက္ခုနီမသည် ဝါကျွတ်လတ်သော် နှစ်ဖက်သံဃာ၌ ပဝါရဏာပြုရမည်။
၅။ ဘိက္ခုနီမသည် သံဃာဒိသေသ် အာပတ်သို့ရောက်လတ်သော် ပက္ခမာနတ်ကို ကျင့်ရမည်။
၆။ နှစ်နှစ်တို့ ကာလပတ်လုံး တရား (၆) ပါးတို့၌ အကျင့်ကိုကျင့်ပြီးသောသိက္ခမာန်အား နှစ်ဖက်သော သံဃာ၌ ပဉ္စင်းခံခြင်းကိုပြုရမည်။
၇။ ဘိက္ခုနီမသည် ရဟန်းယောက်ျားကို တစုံတခုသော အကြောင်းကြောင့် မဆဲရေးအပ်။
၈။ ဘိက္ခုနီ၍ရဟန်းဖြစ်သည့်နေ့မှစ၍ ရဟန်းယောက်ျားတို့ အပေါ်၌ပြောဆိုခြင်း မပြုအပ်။