ကောဠာဟလ (၅) မျိုး

၁။ ကပ္ပကောဠာဟလ - အနှစ်တစ်သိန်းမှစ၍ ကမ္ဘာပျက်တော့မည်ဟု နတ်တို့ ကြွေးကြော်ခြင်း။
၂။ ဗုဒ္ဓကောဠာဟလ - အနှစ်တစ်ထောင်မှစ၍ ဘုရားပွင့်တော့မည်ဟု နတ်လူတို့ ကြွေးကြော်ခြင်း။
၃။ စက္ကဝတ္တိကောဠာဟလ - အနှစ်တစ်ရာမှစ၍ စကြာမင်းပေါ်လိမ့်မည်ဟု လူတို့ကြွေးကြော်ခြင်း။
၄။ မင်္ဂလကောဠာဟလ - တစ်ဆယ့်နှစ်နှစ်မှစ၍ မင်္ဂလာတရားပေါ်မည်ဟု နတ်လူတို့ ကြွေးကြော်ခြင်း။
၅။ မောနေယျကောဠာဟလ - ခုနစ်နှစ်မှစ၍ မောနေယျကျင့်မည့် ပုဂ္ဂိုလ်ပေါ်လိမ့်မည်ဟု လူတို့ ကြွေးကြော်ခြင်း။