စာစပ်နည်း (၈) မျိုး


၁။ နဘေစပ်နည်း = ကာရန်သုံးချက်ထပ်၍ စပ်သောနည်းကိုဆိုလိုသည်။
၂။ ပြန်ကာဟပ်စပ်နည်း = ပြန်ကာဟပ်၍စပ်သောနည်းကိုပင်ခေါ်သဖြင့် ပထမပိုဒ်လေးလုံးမှာ နှစ်လုံးစီနဘေထပ်၍ တစ်ဖန်၎င်းလေးလုံးကိုပင် ဒုတိယပိုဒ်က အုပ်စပ်သည်၊ တတိယပိုဒ်နှင့် စတုတ္ထပိုဒ်မှာကား မိမိဉာဏ်အာဝဇ္ဇန်း လက်တန်းတင်္ခဏုပ္ပတ္တိသာလျှင် ပဋ္ဌာနဖြစ်သည်။
၃။ ကတ္တရာစပ်နည်း = ရွှေငါးမျိုးကို ရောနှော၍ခြူးအုံခြူးပန်း ပုတီးလက်ကောက် စသောတန်ဆာတို့ကို ပြုလုပ်သကဲ့သို့ ကောင်းမြတ်သောနည်းဖြစ်၍ ပထမပိုဒ်ကြဉ်သော ဒုတိယ တတိယ စသည်ဖြင့်ရှေပုဒ်နှင့် နောက်ပုဒ်ကိုငဲ့လျက် စပ်သောနည်းဖြစ်သည်။
၄။ ရွက်ချပ်စပ်နည်း = သစ်ရွက်သည် များသောအားဖြင့် နှစ်ရွက်စီချပ်၍ ထပ်နေဘိသကဲ့သို့ ထို့အတူနှစ်ပိုဒ်စီ နှစ်ပိုဒ်စီထပ်၍ စပ်သောနည်းဖြစ်သည်။
၅။ ချိန်ခွင်လျှာစပ်နည်း = ချိန်ခွင်လျှာနှင့်တူသော အပိုဒ်တစ်မျိုးကို အလယ်ကထား၍ ၎င်းအပိုဒ်သည် တတိယအပိုဒ်ကိုသာ ငဲ့သောအားဖြင့် ပထမအပိုဒ်၏ အဆုံးအလုံးနှင့် တတိယအပိုဒ်အဆုံးကို ကာရန်ညီစေလျက် စပ်ခြင်းဖြစ်သည်။
၆။ ခြင်္သေ့လည်ပြန်စပ်နည်း = ခြင်္သေ့တိုမည်သည် ရှေ့သို့တူသွားရာမှ နောက်သို့ပြန်လည်လှည့်ခဲကြသဖြင့် တစ်ခါတစ်ရံမှသာ လည်ပြန်၍နောက်သို့လှည့်ကြည်ဘိသို့ ထို့အတူ ပထမအချိုး သုံးပိုဒ်အနက်တတိယပိုဒ် အလုံးခံထားသော်လည်း ဒုတိယအချိုး၏ ပထမပိုင်းဒုတိယပိုင်းတို့သည် အထက်ပထမချိုး တတိယပိုဒ်ခံထားသော ကာရန်ကိုမအုပ်မူ၍ အချင်းချင်းသာ အအုပ်အခံ ကာရန်ပြုကြလေသည်။
၇။ တေ့ဆက်စပ်နည်း ( သို့မဟုတ် ။ ဂဟေဆက်စပ်နည်း = ဂဟေကိုတေ့၍စပ်သကဲ့သို့ ပထမပိုဒ် နဘေကာရန်နှစ်ချက်ထား၍ ဒုတိယပိုဒ်မှာလည်း ထိုနည်းအတူထားခြင်းအားဖြင့် ပထမပိုဒ်ကို ဒုတိယပိုဒ်ကအုပ်၍ စပ်သောနည်းကိုဆိုလိုသည်။
၈။ နဘေပြန်ကာဟပ်စပ်နည်း = နဘေကဲ့သို့ စပ်သော်လည်း ကာရန်ကို အစုံအလင် မစပ်မူ၍ ပထမပိုဒ်နှင့် ဒုတိယပိုဒ်မှာ လေးလုံးစီ ထားပြီးလျှင် တတိယပိုဒ်မှာ ပြန်ကာဟပ်စပ်နည်းကိုလိုက်၍ အပိုအမိုထား၍ စပ်ခြင်းဖြစ်သည်။