အဂတိတရား (၄) ပါး

၁။ ဆန္ဒာဂတိ - ချစ်သည်ဖြစ်၍ ဘက်မလိုက်သင့်သည်ကို လိုက်၍ မပြုလုပ်သင့်သည်ကို ပြုလုပ်မိခြင်း။
၂။ ဒေါသာဂတိ - စိတ်ဆိုးသည်ဖြစ်၍ ဘက်မလိုက်သင့်သည်ကို လိုက်ပြီးမပြုသင့်သည်ကို ပြုလုပ်မိခြင်း။
၃။ ဘယာဂတိ - ကြောက်ရွံ့သည်ဖြစ်၍ ဘက်မလိုက်သင့်သည်ကို လိုက်ပြီး မပြုသင့်သည်ကို ပြုလုပ်မိခြင်း။
၄။ မောဟာဂတိ - တွေဝေသည်ဖြစ်၍ ဘက်မလိုက်သင့်သည်ကို လိုက်ပြီး မပြုသင့်သည်ကို ပြုလုပ်မိခြင်း။
(စတုတ္ထ အင်္ဂုတ္တိုရ်)