အရိယာဝါသတရား (၁၀) ပါး

၁။ ပဉ္စင်္ဂဝိပ္ပဟီန - နီဝရဏတရားငါးပါးတို့ကို ပယ်ပြီးခြင်း၊
၂။ ဆဠင်္ဂသမန္နာဂတ - အာရုံ ၆ ပါးအတွေ့၌ သာယာမှု၊ မသာယာမှု မရှိခြင်း၊
၃။ ကောရက္ခ - ကံသုံးပါး မကျူးလွန်မှု၌ သတိနှင့် အမြဲနေ၏။
၄။ စတုရာပဿေန - ပညာဖြင့်သာ မှီဝဲ သည်းခံ ကြဉ်ရှောင် ပယ်ဖျက်ခြင်း ကိစ္စလေးပါးတို့၌ အမြဲဆင်ခြင်၍ ပြုခြင်း၊
၅။ ပနုဏ္ဏပစ္စေကသစ္စ - ငါ့ဉာဏ်မြင်နှင့် ငါ့အယူသာ မှန်၏ဟူသော ဒိဋ္ဌိသစ္စာကို ပယ်ခြင်း၊
၆။ သမဝယသဋ္ဌေသန - အကျင့်ကို ရှာမှီးခြင်းမှ ငြိမ်းပြီးဖြစ်၍ ချမ်းသာစွာနေခြင်း၊
၇။ အနာဝိလသင်္ကပ္ပ - သင်္ကပ္ပသုံးပါးကို ပယ်၍ နေခြင်း၊
၈။ ပဿဒ္ဓကာယသင်္ခါရ - စတုတ္ထဈာန် ဝင်စား၍ နေခြင်း၊
၉။ သုဝိမုတ္တစိတ္တ - ရာဂ ဒေါသ မောဟ တို့မှ စိတ်လွတ်၍ နေခြင်း၊
၁၀။ သုဝိမုတ္တပညာ - ရာဂ ဒေါသ မောဟတို့ကို ပယ်ပြီးဖြတ်ပြီး တစ်ဖန် မဖြစ်မပေါ်မှု သဘောကို သိ၍ နေခြင်း။