စစ်ချီခြင်း (၄) ပါး

၁။ သပဒဏ္ဍကဗျူဟာ - ရှားလှင်ကန်ကဲ့သို့ချီခြင်း၊ စစ်ဖျား၊ စစ်လယ်၊ စစ်နောက် အညီအမျှ ချီခြင်း။ (ဒဏ္ဍဗျူဟာ ဟုလည်းရှိ)
၂။ ပါသာဒိကဗျူဟာ - ပြာသာဒ်ကဲ့သို့ စစ်ချီခြင်း၊ ရှေ့စစ်ဖျားသွယ်၍ နောက်စစ်အား ကြီးစွာနှင့် ချီခြင်း။ (ပါသာဒဗျူဟာ ဟုလည်းရှိ)
၃။ စင်္ကောဋကဗျူဟာ - ပန်းပုံတောင်သဏ္ဌာန်ကဲ့သို့ စစ်ချီခြင်း၊ ရှေ့စစ်ဖျားကြီး၍ နောက်စစ်အား တရွေ့ရွေ့ ငယ်စွာချီခြင်း။ (စင်္ကောဋဗျူဟာ ဟုလည်းရှိ)
၄။ မုဒိင်္ဂဗျူဟာ - မုရိုးစည်သဏ္ဌာန်ကဲ့သို့ စစ်ချီခြင်း၊ စစ်ရင်း စစ်ဖျားသေး၍ အလယ်တွင် အားကြီးစွာနှင့် ချီခြင်း။