ဧတဒဂ်ရသော ရဟန်းမိန်းမ (၁၃) ပါး


၁။ ညဉ့်တို့ကိုသိ၍ ရဟန်းဝါရင့်သောရဟန်းမိန်းမတို့တွင် မဟာပဇာပတိဂေါတမီသည် ဧတဒဂ်ရ၏။
၂။ ကြီးမြတ်သော ပညာနှင့်ပြည့်စုံသော ရဟန်းမိန်းမတို့တွင် ခေမာသည် ဧတဒဂ်ရ၏။
၃။ တန်ခိုးနှင့်ပြည့်စုံသော ရဟန်းမိန်းမတို့တွင် ဥပ္ပလဝဏ်သည် ဧတဒဂ်ရ၏။
၄။ ဝိနည်းကိုဆောင်သော ရဟန်းမိန်းမတို့တွင် ပဋာစာရီသည် ဧတဒဂ်ရ၏။
၅။ တရားဟောတတ်သော ရဟန်းမိန်းမတို့တွင် ဓမ္မဒိန္နာသည် ဧတဒဂ်ရ၏။
၆။ ဈာန်ဝင်စားခြင်း၌ မွေ့လျော်သော ရဟန်းမိန်းမတို့တွင် (အကြင်နန္ဒခေါ်) ဇနပဒကလျာဏီသည် ဧတဒဂ်ရ၏။
၇။ ထက်သန်သောလုံ့လရှိသော ရဟန်းမိန်းမတို့တွင် အကြင် သောဏာသည် ဧတဒဂ်ရ၏။
၈။ ဒိဗ္ဗစက္ခုရသော ရဟန်းမိန်းမတို့တွင် အကြင် ဗာကုလာသည် ဧတဒဂ်ရ၏။
၉။ လျင်မြန်စွာ မဂ်ဖိုလ်အသိဉာဏ်ရသော ရဟန်းမိန်းမတို့တွင် (ဘဒ္ဒါခေါ်) ကုဏ္ဍလာကေသီသည် ဧတဒဂ်ရ၏။
၁၀။ ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ရဟန်းမိန်းမတို့တွင် ဘဒ္ဒါကာပိလာနီ သည် ဧတဒဂ်ရ၏။
၁၁။ မြတ်သောဉာဏ်သို့ရောက်သော ရဟန်းမိန်းမတို့တွင် (ရာဟုလာမယ်တော် ယသောဓရာခေါ်) ဘဒ္ဒကစ္စနာသည် ဧတဒဂ်ရ၏။
၁၂။ ခေါင်းပါးသော သင်္ကန်းကိုဆောင်သော ရဟန်းမိန်းမတို့တွင် ကိသာဂေါတမီသည် ဧတဒဂ်ရ၏။
၁၃။ သဒ္ဓါတရားအားကြီးသော ရဟန်းမိန်းမတို့တွင် သိင်္ဂါလကမာတာသည် ဧတဒဂ်ရ၏။ 
(ဧတဒဂ္ဂ ၅-ပဉ္စမဝဂ်)