အရဟံဂုဏ်တော် (၅) ချက်

၁။ အာရကတ္တာ - ကိလေသာတို့မှ ဝေးတော်မူသောကြောင့် အရဟမည်၏။
၂။ ပစ္စယာဒီနံ အရဟတ္ထာပိ - လူသုံးပါးတို့၏ ပစ္စည်းလေးပါး စသော ပူဇော်အထူးကို ခံထိုက်သည်၏ အဖြစ်ကြောင့် အရဟမည်၏။ 
၃။ နတ္ထိ ရဟော ဧတဿာတိ - ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုပြုခြင်းသည် မရှိသောကြောင့် အရဟမည်၏။ 
၄။ အရီနံ ဟတတ္တာပိ - ကိလေကာ တည်းဟူသော ရန်သူကို သတ်အပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။ 
၅။ အရာနံ ဟတတ္တာပိ - သံသရာ စက်တို့ ၏အကန့်တို့ကို ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။