အာယတန (၁၂) ပါး


၁။ စက္ခာယတန - စက္ခုပသာဒခေါ် မျက်စိအကြည်ဓာတ်၊
၂။ သောတယတန - သောတပသာဒခေါ် နားအကြည်ဓာတ်၊
၃။ ဃာနယတန - ဃာနပသာဒခေါ် နှာခေါင်းအကြည်ဓာတ်၊
၄။ ဇိဝှာယတန - ဇိဝှာပသာဒခေါ် လျှာအကြည်ဓာတ်၊
၅။ ကာယာယတန - ကာယပသာဒခေါ် ကိုယ်အကြည်ဓာတ်၊
၆။ မနာယတန - စိတ် ၈၉ ခုဟု ဆိုအပ်သော မနောအကြည်ဓာတ်၊
၇။ ရူပါယတန - အဆင်းအာရုံ၊
၈။ သဒ္ဒါယတန - အသံအာရုံ၊
၉။ ဂန္ဓာယတန - အနံ့အာရုံ၊
၁၀။ ရသာယတန - အရသာအာရုံ၊
၁၁။ ဖောဋ္ဌဗ္ဗာယတန - ပထဝီ တေဇော ဝါယောဟု ဆိုအပ်သော ဓာတ်သုံးပါးအပေါင်း အတွေ့အာရုံ၊
၁၂။ ဓမ္မာယတန - စေတသိက် ၅၂ ပါး၊ သုခုမရုပ် ၁၆ ပါး၊ နိဗ္ဗာန်ဟု ဆိုအပ်သော ဓမ္မာရုံ။