ဣစ္ဆာတရား (၄) ပါး

၁။ အတြိစ္ဆ - မိမိနှင့်ထိုက်တန်သလောက် နှင့် မရောင့်ရဲနိုင်ဘဲ အလွန့်အလွန် အလိုကြီးခြင်းမျိုး၊ ကိုယ့်လက်ရှိ စည်းစိမ်ထက် သူများခံစားလျက်ရှိသော စည်းစိမ်ကို ပိုမိုနှစ်သက်လိုခြင်းမျိုး။
၂။ မဟိစ္ဆ - အလိုကြီးခြင်း၊ ဝါကြွားညာဝါး၍ မိမိမျှတလောက်ရုံထက် အပိုအမိုရအောင် ယူင်ခြင်းမျိုး။
၃။ ပါပိစ္ဆ - ယုတ်မာသောအလိုဆိုး မိမိ၌ သီလ၊ သမာဓိ၊ တရားထူးမရှိဘဲလျက် ရှိယောင်ဆောင်၍ ကြည်ညိုခံယူကာ လှည့်စားခြင်းမျိုး။
၄။ အပ္ပိစ္ဆ - အလိုနည်းခြင်း၊ ရောင့်ရဲခြင်း၊ ရသမျှနှင့်သာ တင်းတိမ်ကာ သုံးဆောင်ခြင်းမျိုး။