အဝီစိငရဲ၏ ငရဲဌာန (၃) ပါး။

၁။ ဆဖဿာယတနိကငရဲ - ခြောက်ပါးသော ဒွါရ၌ အသီးသီး တွေ့ရ၊ ခံရသော ဝေဒနာခြောက်ပါး၏
အကြောင်းဖြစ်သော ငရဲ။
၂။ သင်္ကုသမာဟတငရဲ - သုံးဂါဝုတ်မျှသော ကိုယ်ရှိသည်ဖြစ်၍ ငရဲထိန်းတို့သည် ထန်းလုံးပမာဏရှိသော
ပြောင်ပြောင်တောက်သော သံတစို့ဖြင့် ထိုးသောငရဲ။
၃။ ပစ္စတ္တဝေဒနီယငရဲ - သံပူမြေထက်၌ ပက်လက် အိပ်စေပြီး ရဲရဲညီးသော သံတံကျင်ကို ရင်မှစ၍
ဦးခေါင်းကျအောင် နှက်ခြင်း၊ ရင်ဝမှ ခြေဖျားကျအောင် နှက်ခြင်း၊
အနှစ်ငါးရာကျမှ ဦးခေါင်းကို ပေါက်ခြင်း။