အဓိကရဏသမထ (၇) ပါး


၁။ လေးပါးသော အဓိကရုဏ်းတို့ ငြိမ်းစေခြင်းငှာ မျက်မှောက် အဓိကရုဏ်းငြိမ်းကြောင်းတရားကို ပေးရမည်။
၂။ ရဟန္တာပုဂ္ဂိုလ်အား သတိပေးရသော ဝိနည်းကို ပေးရမည်။
၃။ ရူးသွပ်သော ရဟန်းတို့အား သတိရခိုက် ပေးရသော ဝိနည်းကို ပေးရမည်။
၄။ ဝန်ခံသဖြင့် ပြုအပ်သော သမထကို ပြုရမည်။
၅။ ဓမ္မဝါဒီပုဂ္ဂိုလ်များသို့ လိုက်၍ ဆုံးဖြတ်ရသော သမထဓမ္မကို ပြုရမည်။
၆။ ယုတ်မာသော ရဟန်းအား ပြုရသော ဝိနည်းကို ပြုရမည်။
၇။ မစင်ကို မြက်ဖြင့်ဖုံးလွှမ်းသကဲ့သို့ အာပတ်ကို ဖုံးဖိထားရသော ဝိနည်းကို ပြုရမည်။