တစ်ပါးသောတရားများ


၁။ ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာ အရပ်သည် ( နိဗ္ဗာန်တရား ) တစ်ပါးသာရှိ၏။
( ဧကက အင်္ဂုတ္တိုရ် )

၂။ သာရကမ္ဘာ၌ ( ဘုရား ) တစ်ဆူသာလျှင် ပွင့်တောမူ၏။
( ဧကက အင်္ဂုတ္တိုရ် )

၃။တစ်လောကထဲ၌ စကြာမင်း ၂-ပါးမရှိကောင်း၊ တစ်ပါးသာလျှင် ဖြစ်တော်မူ၏။
( ဧကက အင်္ဂုတ္တိုရ် )

၄။ ဧကော ဓမ္မော- တရားသည် အဓိက၊ တရားသည် ပဋ္ဌာန၊ တရားသည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်မှု တစ်ခုတည်းသာဖြစ်သည်။
( ဧကက အင်္ဂုတ္တိုရ် )

၅။ ဧကဝေါကာရ-ရုပ်ခန္ဓာ တစ်ပါးသာရှိသော အသညသတ် ဗြဟ္မာဘုံ သက်တမ်း ကမ္ဘာ ၅၀၀ ရှိ၏။
( ဧကက အင်္ဂုတ္တိုရ် )

၆။ စိတ်- စိတ်သည် လျှင်မြန်စွာ ပြောင်းလည်းတတ်၏၊ စိတ်လောက်လျှင်မြန်သော အရာသည် နောက်တစ်ခု မရှိပြီ။
( ဧကက အင်္ဂုတ္တိုရ် )

၇။ ရဟန်းဝါ ရင့်ကုန်သော တပည့်ရဟန်းတို့တွင် အညာသိကွဏ္ဍည တစ်ပါးသာလျှင် ရှိတော်မူ၏။
( ဧကက အင်္ဂုတ္တိုရ် )

၈။ ကြီးသောပညာနှင့် ပြည့်စုံတော်မူသော တပည့်ရဟန်းတို့တွင် ရှင်သာရိပုတ္တရာ တစ်ပါးသာလျှင် ရှိတော်မူ၏။
( ဧကက အင်္ဂုတ္တိုရ် )

၉။ တန်ခိုးကြီးခြင်းနှင့် ပြည့်စုံသော တပည့်ရဟန်းတို့တွင် ရှင်မောဂ္ဂလာန် တစ်ပါးသာလျှင် ရှိတော်မူ၏။
( ဧကက အင်္ဂုတ္တိုရ် )

၁၀။ ဓုတင်(၁၃)ပါးနှင့် ပြည့်စုံသော တပည့်ရဟန်းတို့တွင် ရှင်မဟာကဿပ တစ်ပါးသာလျှင် ရှိတော်မူ၏။
( ဧကက အင်္ဂုတ္တိုရ် )

၁၁။ ဒိဗ္ဗစက္ခုအဘိညာဉ်နှင့် ပြည့်စုံသော တပည့်ရဟန်းတို့တွင် ရှင်အနုရုဒ္ဓါ တစ်ပါးသာလျှင် ရှိတော်မူ၏။
( ဧကက အင်္ဂုတ္တိုရ် )

၁၂။ ကိုယ်များစွာ ဖန်ဆင်းတတ်သော တပည့်ရဟန်းတောတို့တွင် ရှင်စူဠပန္ထက တစ်ပါးသာလျှင် ရှိတော်မူ၏။
( ဧကက အင်္ဂုတ္တိုရ် )

၁၃။ လာဘ်လာဘများသော တပည့်ရဟန်းတို့်တွင် ရှင်သီလဝံသ တစ်ပါးသာလျှင် ရှိတော်မူ၏။
( ဧကက အင်္ဂုတ္တိုရ် )

၁၄။ သဒ္ဒါတရားနှင့် ပြည့်စုံသော တပည့်ရဟန်းတို့တွင် ရှင်ဝက္ကလိ တစ်ပါးသာလျှင် ရှိတော်မူ၏။
( ဧကက အင်္ဂုတ္တိုရ် )

၁၅။ လျှင်စွာမဂ်ဖိုလ် အသိဉာဏ်ရသော တပည့်ရဟန်းတို့တွင် ဗာဟိယဒါရုစိရိယ တစ်ပါးသာလျှင် ရှိတော်မူ၏။
( ဧကက အင်္ဂုတ္တိုရ် )

၁၆။ အနာရောဂါကင်းသော တပည့်ရဟန်းတို့တွင် ရှင်ဗာကုလ တစ်ပါးသာလျှင် ရှိတော်မူ၏။
( ဧကက အင်္ဂုတ္တိုရ် )
၁၇။ ဝိနည်းကို ဆောင်နိုင်သော တပည့်ရဟန်းတော်တို့တွင် ရှင်ဥပါလိ တစ်ပါးသာလျှင် ရှိတော်မူ၏။
( ဧကက အင်္ဂုတ္တိုရ် )

၁၈။ ခုနစ်နှစ်သမီးအရွယ်နှင့် ရဟန္တာမဖြစ်သောသူတို့တွင် ဧကုပေါသထ တစ်ပါးသာလျှင် ရှိတော်မူ၏။
( ဧကက အင်္ဂုတ္တိုရ် )

၁၉။ ကြီးမြတ်သော ပညာနှင့်ပြည့်စုံသော တပည့်ရဟန်းမိန်းမတို့တွင် ခေမာထေရီ တစ်ပါးသာလျှင် ရှိတော်မူ၏။
( ဧကက အင်္ဂုတ္တိုရ် )

၂၀။ တန်ခိုးကြီးခြင်းနှင့် ပြည့်စုံသော တပည့်ရဟန်းမိန်းမတို့တွင် ဥပ္ပလဝဏ် ထေရီ တစ်ပါးသာလျှင် ရှိတော်မူ၏။
( ဧကက အင်္ဂုတ္တိုရ် )

၂၁။ ဝိနည်းကိုဆောင်နိုင်သော တပည့်ရဟန်းမိန်းမတို့တွင် ပဋာစာရီ ထေရီ တစ်ပါးသာလျှင် ရှိတော်မူ၏။
( ဧကက အင်္ဂုတ္တိုရ် )

၂၂။ တရားဟောရာ၌ တတ်စွမ်းသော တပည့်ရဟန်းမိန်းမတို့တွင် ဓမ္မဒိန္နာ ထေရီ တစ်ပါးသာလျှင် ရှိတော်မူ၏။
( ဧကက အင်္ဂုတ္တိုရ် )

၂၃။ လှူဒါန်းမှု၌ မွေ့လျော်သော သူတိုတွင် သုဒတ္ထခေါ် အနာထပိဏ် သူဌေး တစ်ဦးသာလျှင် ရှိ၏။
( ဧကက အင်္ဂုတ္တိုရ် )

၂၄။ ရှေးဦးစွာ သရဏဂုံတည်သော ဥပါသိကာမတို့တွင် သေနိယသူဌေးသမီး သုဇာတာ တစ်ယောက်သာလျှင် ရှိ၏။
( ဧကက အင်္ဂုတ္တိုရ် )

၂၅။ အလှူဖြင့် မွေ့လျော်သော ဥပါသိကာမ တို့တွင် ကျောင်းအမ ဝိသာခါ တစ်ယောက်သာလျှင် ရှိ၏။
( ဧကက အင်္ဂုတ္တိုရ် )

၂၆။ အကြားအမြင်များသော ဥပါသိကာမတို့တွင် ခုဇ္ဇတ္တရာ တစ်ယောက်သာလျှင် ရှိ၏။
( ဧကက အင်္ဂုတ္တိုရ် )

၂၇။ မေတ္တာစိတ်ပွားများလေ့ရှိသော ဥပါသိကာမတို့တွင် သာမာဝတီ တစ်ယောက်သာလျှင် ရှိ၏။
( ဧကက အင်္ဂုတ္တိုရ် )

၂၈။ သူနာကို လုပ်ကျွေးပြုစုတတ်သော ဥပါသိကာမတို့တွင် သုပှိယ တစ်ယောက်သာလျှင် ရှိ၏။
( ဧကက အင်္ဂုတ္တိုရ် )

၂၉။ မိန်းမ၏ အဆင်းလောက် ယောက်ျား၏ စိတ်ကို ဆွဲဆောင်နိုသော အခြားအဆင်း တစ်ခုသည် မရှိပြီ။
( ဧကက အင်္ဂုတ္တိုရ် )

၃၀။ မိန်းမ၏ အသံလောက် ယောက်ျား၏ စိတ်ကို ဆွဲဆောင်နိုသော အခြားအသံတစ်ခုသည် မရှိပြီ။
( ဧကက အင်္ဂုတ္တိုရ် )

၃၁။ မိန်းမ၏ အနံ့လောက် ယောက်ျား၏ စိတ်ကို ဆွဲဆောင်နိုသော အခြားအနံ့တစ်ခုသည် မရှိပြီ။
( ဧကက အင်္ဂုတ္တိုရ် )

၃၂။ မိန်းမ၏ အရသာလောက် ယောက်ျား၏ စိတ်ကို ဆွဲဆောင်နိုသော အခြားအရသာတစ်ခုသည် မရှိပြီ။
( ဧကက အင်္ဂုတ္တိုရ် )

၃၃။ မိန်းမ၏ အတွေ့လောက် ယောက်ျား၏ စိတ်ကို ဆွဲဆောင်နိုသော အခြားအတွေ့တစ်ခုသည် မရှိပြီ။
( ဧကက အင်္ဂုတ္တိုရ် )

ထို့အတူ မိန်းမ၏စိတ်ကို ဆွဲဆောင်နိုင်သော ယောက်ျား၏အဆင်း စသော ၅-ပါးလည်း ဤအတိုင်းပင်တည်း။
( ဧကက အင်္ဂုတ္တိုရ် )

သညာ-တစ်ပါး

၃၄။ သညာ-တစ်ပါး၊ စားအပ်သောအစာ၌ စက်ဆုပ်ဖွယ် အဖြစ်ကို ဆင်ခြင်မှတ်သော အမှတ်သညာ။

ဝဝတ္ထာန်-တစ်ပါး

၃၅။ ဝဝတ္ထာန်-တစ်ပါး၊ မိမိကိုယ်၌ရှိသော ဓာတ်လေးပါးကို မှတ်ခြင်းဖြင့်ဆင်ခြင်သုံးသပ်ခြင်း

အသိခက်ဂါထာ-တစ်ပါး

၃၆။ မေတ္တာသတ္တော အနန္တော* မေတ္တာသတ္တော၊ မေတ္တာစိတ်ထားအပ်သော ( ညွှတ်အပ်သော ) သတ္တဝါသည်။ အနန္တော၊ မည်၍မည်မျှဟူ၍ ရေတွက်၍ မရနိုင်ပါတကား။

*မေတ္တာသဒ္ဒေါ အနန္တော-ဟုလည်းရှိ၏။